Skip to main content

Bismillahirrahmaanir ' ခေတ်မီပညာရေးစနစ်ကို မြတ်နိုးသော မိဘပြည်သူများနှင့် ကျောင်းသား/သူများ အတွက် သတင်းကောင်း Or Bismillahirrahmaanir ' Good news for parents and students who love modern education system.

'Bismillahirrahmaanir '

ခေတ်မီပညာရေးစနစ်ကို မြတ်နိုးသော မိဘပြည်သူများနှင့် ကျောင်းသား/သူများ အတွက် သတင်းကောင်း

********************************

၁။ ဘင်္ဂလားဒေရှ်နိုင်ငံတွင် ယာယီ ခိုလှုံလျက်ရှိနေသော ရိုဟင်ဂျာ မိဘပြည်သူများ၏ ကလေးတိုင်းသည် ခေတ်မီပညာရေးကို ထူးချွန်ထက်မြက်စွာ သင်ယူတတ်မြောက်နိုင်ရေး နှင့် ပညာရေးနှင့် လက်မလွှတ်စေရေးကို အဓိက မျှော်မှန်း၍ ဤ Rohingya Future Star High School(Private) ကို ရိုဟင်ဂျာ ဒုက္ခသည်စခန်းအမှတ် ၄ နှင့် ၅ တွင် လွန်ခဲ့သော ၂၀၂၁-၂၀၂၂ ခု ပညာသင်နှစ်မှစ၍ စတင်ဖွင့်လှစ် သင်ကြားပို့ချလာပါသည်။ စာသင်ကြားပို့ချရာတွင် ခေတ်မီမြန်မာ သင်ရိုးသစ် ညွှန်းတမ်းနှင့်အညီ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ထူးချွန်ထက်မြက်သော ဝါရင့် ကျောင်းဆရာများက ကျောင်းသား/သူများမှ စည်းကမ်းသေဝပ်စွာဖြင့် နားလည်နိုင်ရန် လွယ်ကူမည့်နည်းလမ်းများကို အသုံးပြု၍ သင်ပြလျက်ရှိနေပါသည်။


၂။ Rohingya Future Star သည် လူကြီးမင်းတို့ ရင်သွေးငယ်များ၏ ပညာရေးအနာဂတ်မြှင့်တင်စေရန် လေးနက်တည်ကြည်စွာ သန္နိဋ္ဌာန် ချမှတ်ထားသည့်အတွက် မိဘပြည်သူများ၏ သားသမီးရတနာများကို ခေတ်မီ ပညာရေးစနစ် လမ်းမှန်သို့ ပို့ဆောင်ရေး မိဘဝတ္တရား ကျေပွန်ရာတွင် ဤ Rohingya Future Star ကို သင့်မြတ်သော Academe ဟု ယုံကြည်နိုင်ပါကြောင်း လေးစားစွာ သတင်းစကားပါးအပ်ပါသည်။

၃။ Rohingya Future Star သည် လာမည့် ၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ်အတွက် ပထမတန်း မှ ဒွါဒသမတန်း အထိ ကျောင်းသား/သူများ လက်ခံရေးကို ၂ဝ၂၄ ခု ဧပြီလ ၁၆ ရက်နေ့မှ ၃၀ ရက်နေ့ ထိ သတ်မှတ်လိုက်ပြီးဖြစ်ပါ၍ မိဘပြည်သူများ၏ သားသမီး ရတနာများကို မိဘအုပ်ထိန်းသူ ကိုယ်တိုင်လာရောက်၍ သို့မဟုတ် ဆက်သွယ် အကြောင်းကြား၍ အချိန်မနှောင်းခင် အမည်စာရင်း ပေးသွင်းကြပါရန် လေးစားစွာ သိစေအပ်ပါသည်။

မှတ်ချက်။ ။ ဒုက္ခသည် စခန်းများတွင် တာဝန်ယူဆောင်ရွက်နေသော ပညာရေးဆိုင်ရာ NGO/INGO များ၏ Learning Centre များတွင် ကျောင်းသား/သူများ တက်ရောက် ပညာသင်ယူမှုကို လုံးဝ အဟန့်အတား မဖြစ်စေရေး အတွက် Rohingya Future Star ၏ စာသင်ပြချိန်ကို နံနက်ချိန် နှင့် ညနေချိန်များ အဖြစ် သတ်မှတ်ထားပါသည်။

                 "Written By Mr Edrise"_

#no_future_without_education 

#20242025schoolyear 

#admissionopen2024_2025

        Bismillahirrahmaanir '

Good news for parents and students who love modern education system.

1. Rohingya parents who are taking temporary shelter in Bangladesh. With the main hope that every child can learn modern education excellently and not to miss education, Rohingya Future Star High School(Private) has been opened and taught at Rohingya Refugee Camp No. 4 and 5 from the last academic year 2021-2022 According to the Modern Myanmar New Curriculum Guidelines, senior teachers are teaching using methods that can make students understand disciplined.

2. Rohingya Future Star is of young people. For the sake of the parents who have taken a serious decision to improve the future of education. We respectfully inform that we can trust this Rohingya Future Star as your noble Academe in our parental duty to lead our children's treasures to the right path of modern education system.

3. Rohingya Future Star has scheduled the admission of students from first grade to second grade for the upcoming academic year 202224-20225 from April 16 to 30th, 20204, and parents. We kindly inform you to register your child's treasure before it's too late by informing the parent's guardian.

                      @Written By Mr Edrise

This Is My Brother Mr Edrise... 

             Thank you so much my dear

Comments

Post a Comment